Saturday, 04.27.2024, 8:23 PM
ဦးရွှေရိုး
Welcome Guest | RSS
Main | Registration | Login
Site menu

Our poll
Rate my site
Total of answers: 21

Main » 2009 » October » 7 » မယုံရင်ပုံပြင်လို့ပဲမှတ်လိုက်ပါ...(တစ်ကယ့်အဖြစ်အပျက်လို့ပြောပါတယ်)
မယုံရင်ပုံပြင်လို့ပဲမှတ်လိုက်ပါ...(တစ်ကယ့်အဖြစ်အပျက်လို့ပြောပါတယ်)
2:21 PM
ဘဏ်တစ်ခုကို မျက်နှာဖုံးစွပ်နဲ့ ဓားပြတွေ လှိုင်ခေါင်းဖောက်ပြီး  ၀င်စီးတာက
စရမှာပေါ့. .။ ..ဒါပေမဲ့ ကံဆိုးချင်တော့ ဘဏ်ထဲမှာ သူတို့ လိုချင်တဲ့ ငွေ
အလုံလောက်မရှိဘူးဖြစ်တော့ ဘဏ်ထဲမှာ ရှိတဲ့ သူတွေကို  ဓားစာခံလုပ်ပြီး
ငွေတောင်းတော့တာဘဲ.။.. ဘဏ်ထဲက ဓားစာခံတွေကတော့ ရင်တမမနဲ့ပေါ့ ..။ ..





ဓားပြတွေထဲမှာ.. အသက် ၁၉ နှစ်အရွယ်ကောင်လေးတစ်ယောက်ပါတယ်
..သူက သူညီရဲ့
ကျူမာရောဂါ အတွက် ခွဲစိတ်စရိတ်လိုလို့ ဒီအလုပ်ကို သူငယ်ချင်းနှစ်ယောက်နဲ့
တိုင်ပင်ပြီးလုပ်တာ.. ပြီးတော့ ရတဲ့ငွေနဲ့ သူ့ညီအသက်ကို ဆက်မယ်ပေါ့..သူ့
သူငယ်ချင်းတွေကလည်း တကယ်လို့ သူတစ်ခုခု ဖြစ်သွားရင်လည်း သူ့ညီအတွက်ကို
တာဝန်ယူပေးမယ်လို့ ကတိခံကြတယ်...

..ကံတရားရဲ့ အလိုပေါ့. ..ဓားစားခံတွေထဲမှာ သူတစ်ဖက်သတ် ချစ်ခဲ့ရတဲ့
ရဲမှုးကြီးရဲ့ သမီးကလည်း ပါနေတာကို သူသိလိုက်ရတယ်... ( ..ဘဏ်ထဲမှာ
ကောင်မလေးအနားက သိပ်မခွာဘူးဆိုတာတော့ မေးစရာမလိုတော့ဘူးပေါ့..

.၃ ရက်ကြာသွားတယ် ..အစိုးရဘက်က အလျှော့မပေးတာကြောင့် နှစ်ဖက်စလုံးတင်းမာတဲ့
အခြေနေမှာ အစိုးရဘက်က ဘဏ်ကို ပြန်စီးဖို့ ဆုံးဖြတ်လိုက်တယ်...

.၄ရက်မြောက် မနက်မှာ ရဲတွေက ဘဏ်ကို ၀င်စီးကြတယ်. ဓားပြတွေအနေနဲ့
လှိုင်ခေါင်းထဲကို ပြန်ဆုတ်ရတဲ့ အခြေနေမှာ ရဲတွေက ဘဏ်ထဲကို အတင်းဝင်လာတာကြောင့်
ဓားပြထဲက တစ်ယောက်က အမေရိကန် စစ်ဘက်သုံး လက်ပစ်ဗုံးကို ရဲတွေဘက်
ပစ်ထည့်လိုက်တယ်.. .ဒါပေမဲ့ မကျွမ်းကျင်မှုကြောင့် ဗုံးက ရဲတွေဘက်မရောက်ဘဲ .
ရဲမှုးကြီးရဲ့ သမီး ၀ပ်နေတဲ့ ဘက်ကို ရောက်သွားတယ်..

..ကောင်လေးက သူ့ချစ်သူအတွက် စိုးရိမ်တကြီးနဲ့ ဗုံးကို အလျှင်အမြန်ကောက်ပြီး
ရဲတွေဘက် ရောက်အောင်ပစ်ထည့်လိုက်ဖို့ အခန်းရဲ့ အလယ်ကို ပြေးသွားလိုက်တယ်....

အဲဒီမှာ စတာပါဘဲ..

ရဲတွေထဲမှာ ကောင်မလေးရဲ့ အဖေ ရဲမှုးကြီးပါ ပါလာတာကြောင့် ကောင်မလေးက
မပစ်ဖို့အော်ဟစ်တောင်းပန်လိုက်
လို့ပါဘဲ..

အခန်းရဲ့ ရှေ့ဘက်က ရဲမှုးကြီးနဲ့ ရဲတွေ..

အခန်းရဲ့ နောက်ဘက်မှာ သေဖော်သေဖက် သူငယ်ချင်းတွေ..

အခန်းရဲ့ ညာဘက် မှာ သူ့ကောင်မလေး

အခန်းရဲ့ ဘယ်ဘက်မှာ ဓားစာခံ ပြည်သူတွေ..

လက်ထဲမှာက စနက်တံ ဖြုတ်ထားတဲ့ လက်ပစ်ဗုံး...

ဘယ်ဘက်ကို ပစ်ရပါ့မလဲ.... ..

သူငယ်ချင်း မင်းဆိုရင်ကော ဘယ်လို ဆုံးဖြတ်မလဲ....
?????





?????





?????








?????








?????








?????
ဒီကောင်လေး ဖြေခဲ့တဲ့ အဖြေကတော့ .

tank ကားကိုတောင် ပျက်စီးစေနိုင်တဲ့ ဗုံးကို သူ့လက်ထဲမှာ ၄၃ စက္ကန့်ရှိစေပြီးမှ
ပေါက်ကွဲစေလိုက်ချင်းဖြစ်ပါတယ်
..

သူ့ရဲ့ မျက်နှာက အလွန်မင်းပျက်စီးသွားပြီး.. သူ့သူငယ်ချင်းတွေကိုလည်း
လက်ရမဖမ်းလိုက်နိုင်တာကြောင့် သူဘယ်သူလဲ ဆိုတာတောင် ဘယ်သူမှ
အသေချာမသိလိုက်ရပါဘူး..
၃ နှစ်ကြာပြီးမှ သူ့ရဲ့ သူငယ်ချင်းတွေ တင်တဲ့ blog မှာ သူ့အကြောင်းကို
ရေးထားတာကြောင့်သိရတာဖြစ်တယ်လို
့ ပြောကြပါတယ်..

သူ့ရဲ့ ဖြစ်အင် နဲ့ သူ့ လုပ်ခဲ့တွေကို ရုပ်မြင်သံကြားကမြင်လိုက် ကြားလိုက်ရတဲ့
ပြည်နယ်တ၀န်းက ချစ်သူတွေရဲ့ ဂရုဏာကို သူ့ရဲ့ အုတ်ဂူမှာ နှင်းဆီပန်း
တွေအဖြစ်တွေ့ခဲ့ရပါတယ်...
အတိကျရေတွက်ပြရရင် ၁၁၆၄ ပွင့်ပါတဲ့.။

ကိုအောင်အောင်ပေးပို့သော FWD မေးမှရတာကိုပြန်လည်တင်ပေးထားတာပါ....

လေးစားလျှက်..........

ရွှေရိုး...


Views: 519 | Added by: shweyoe | Rating: 0.0/0 |
Total comments: 0
Name *:
Email *:
Code *:
Login form

News calendar
«  October 2009  »
SuMoTuWeThFrSa
    123
45678910
11121314151617
18192021222324
25262728293031

Search

Site friends

Statistics

Total online: 1
Guests: 1
Users: 0

Copyright MyCorp © 2024 Website builderuCoz