Saturday, 04.27.2024, 2:23 PM
ရွှေရိုး
Welcome Guest | RSS
Main | Blog | Registration | Login
Site menu

Our poll
Rate my site
Total of answers: 21

Main » 2009 » March » 4 » ပဟေဠိ
ပဟေဠိ
2:56 PM
ထုံးစံအတိုင်းဟိုဒီဆိုက်ဒ်တွေ လျောက်ကြည့်တော့
စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းတခုတွေ့မိတယ်။ အဖြေမကြည့်ခင်
မေးခွန်းတွေကို ဖြေကြည့်ကြပါ။စိတ်ဝင်စားဖို့ကောင်းပါတယ်။Q1:
ကလေးရှစ်ယောက်ရှိပြီးဖြစ်တဲ့
အမျိုးသမီးတဦးမှာကိုယ်ဝန်ထပ်ရှိနေပြီဆိုပါစို့။ သူ့ ကလေးရှစ်ယောက် ထဲမှာ
သုံးယောက်က
နားကန်းနေတယ်။ နှစ်ယောက်ကမျက်စိကန်းနေပြီး တစ်ယောက်က ဦးနှောက်မပြည့်ဘူး။
သူ့မှာ အမျိုးသမီးရောဂါလဲရှိနေသေးတယ်။ မေးခွန်းက သူ့ကို ကလေးမယူဖို့
(ကိုယ်ဝန်ဖျက်ချဖို့) သင်အကြံပေးမလား ?

အဖြေကို မကြည့်ခင် အောက်က မေးခွန်းကို ထပ်ကြည့်ရအောင်...

Q2 :သင်ဟာ နိုင်ငံခေါင်းဆောင်တဦးကို မဲပေးရမယ် ဆိုပါစို့။ သင့်မဲဟာ
အလွန်အရေးပါတဲ့ မဲဖြစ်တယ်။ ၀င်ရွေးမယ့် ခေါင်းဆောင်သုံးဦးက....

A ဟာအယုံအကြည်မဲ့တဲ့ နိုင်ငံရေးသမားအချို့နဲ့ ပေါင်းသင်းတယ်။
နက္ခတ်ပညာကိုလိုက်စားတယ်။ မိန်းမဖောက်ပြန်တယ်။ ဆေးလိပ်အလွန်သောက်ပြီး
တနေ့ကိုမာတင်နီအရက် ၈-၁၀ ခွက်ထိသောက်တယ်။

B ကလုယက်ဖျက်ဆီးမူနဲ့ မှတ်တမ်းရှိသူဖြစ်တယ်။ နေ့လယ်ထိတိုင်အောင်
အိပ်ပြီးကျောင်းသားဘ၀တုန်းက မူးယစ်ဆေးသုံးစွဲဖူးတယ်။ ညနေတိုင်း ၀ီစကီ
သောက်တယ်။

C ကနိုင်ငံတော် အတွက် အသက်ပေးလှူမဲ့ သူရဲကောင်းတဦး
ဖြစ်တယ်။သက်သတ်လွတ်စားပြီး ဆေးလိပ် မသောက်ဘူး။ တခါတလေ
ဘီယာနည်းနည်းသောက်တယ်။သူတပါး သားမယားကို ဘယ်တော့မှ မပြစ်မှားဘူး။

A, B , C သုံးဦးထဲက ဘယ်သူ့ကို သင်ရွေးမလဲ.....?

အဖြေ တိုက်ကြည့်ကြရအောင်.....................

A က ၃၂နှစ်ဦးမြောက် အမေရိကန်သမတ္တဖြစ်ခဲ့တဲ့ Franklin Roosevelt ပါ။

B က နိုဘယ်လ်ဆုရှင်နဲ့ အင်္ဂလန်ဝန်ကြီး ဖြစ်ခဲ့တဲ့ Winston Churchill ပါ။

C ကတော့ ဂျူးလူမျိုးတွေကို မျိုးတုံးအောင် အခန်းကျဉ်းထဲ ထည့်ပြီး
အဆိပ်ငွေ့နဲ့ သတ်ခဲ့တဲ့ ဟစ်တလာပါ။
(Franklin Roosevelt နဲ့ Winston Churchill ရဲ့ အကြောင်းအချို့ကို
ဘာသာပြန်ပြီး ဒီဘလော့မှာ ကျွန်မ တင်ဖူးပါတယ်။)

နံပါတ်(၁) အဖြေကတော့.....
တကယ်လို့ သင်ဟာ အဲဒီအမျိုးသမီးကို ကိုယ်ဝန်ဖျက်ချဖို့ အကြံပေးမယ်ဆိုရင်
သင်ဟာ Ludwig van Beethoven ကို သတ်လိုက်တာနဲ့ အတူတူပါပဲ။ အကြောင်းကတော့
အဲဒီအမျိုးသမီးဟာ ဂီတပညာရှင် Beethoven ရဲ့ မိခင်ဖြစ်နေလို့ပါပဲ။

တကယ်တော့ တခြားလူရဲ့ အပြုအမူနဲ့ အပြင်ပန်းကို ကြည့်ပြီး ငါဆိုတဲ့
တန်ဖိုးနဲ့ အကဲမဖြတ်သင့်ဘူး။ ငါ့ကပဲ အကောင်းလို့ ထင်ခဲ့တဲ့ အဖြေ့တွေဟာ
တခါတလေမှာတော့ Beethoven ကိုသတ်ပြီး ဟစ်တလာကို ဖန်တီးသလို
ဖြစ်သွားတတ်တယ်။ ရွေပင်နားတိုင်း ရွေကျီးမဟုတ်နိုင်သလို
နောက်ချေးပိုးမှာလဲ သူ့အစွမ်း အစနဲ့တော့ သူရှိပါတယ်။ သင့်အဖြေ
မှန်သွားပြီလား..... ?[color=blue]

Attachments: Image 1
Views: 618 | Added by: kokolay49 | Rating: 4.0/1 |
Total comments: 0
Name *:
Email *:
Code *:
Login form

Calendar
«  March 2009  »
SuMoTuWeThFrSa
1234567
891011121314
15161718192021
22232425262728
293031

Search

Site friends

Statistics

Total online: 1
Guests: 1
Users: 0

Copyright MyCorp © 2024 Website builderuCoz