Thursday, 03.28.2024, 11:57 AM
ဦးရွှေရိုး
Welcome Guest | RSS
Main | Registration | Login
Site menu
Our poll
Rate my site
Total of answers: 21
Main » 2010 » January » 6 » ရဟန္တာမြတ်ရှင်အရဟံခြေတော်ရာ ရှင်အရဟံခြေတော်ရာပုံ
ရဟန္တာမြတ်ရှင်အရဟံခြေတော်ရာ ရှင်အရဟံခြေတော်ရာပုံ
6:10 PM
ရဟန္တာအရှင်မြတ် ရှင်အရဟံ၏ ခြေတော်ရာကို အိပ်မက်အရ () မြို့နယ်၊ () ကျေးရွာအနီးတွင် တွေ့ရှိ ခဲ့ရခြင်း ဖြစ်ပြီး ၄င်းခြေတော်ရာမှာလူသာမန်တစ်ယောက်၏ ခြေရာထက်များစွာကြီးမားနေသော်လည်း ပကတိကျောက်သားပေါ်၌ပင် ခြေရာအစစ်ကဲ့သို့ အရေးအကြောင်းများပါရှိပြီးအင်မတန် ကြည်ညိုဖွယ်ကောင်းလှသည်ကိုတွေ့ခဲ့ရသည်။ခြေတော်ရာ ပတ်ပတ်လည်တွင် ရွှေများချထားပြီး သံပန်းတံခါးများဖြင့် ကာရံထားသည်။ ၄င်းခြေတော်ရာ အတွင်းထဲ၌ ဆီမီး ပူဇော်ခြင်းအမွှေးနံ့သာတိုင်များကပ်လှူခြင်းများကိုတားမြစ်ထားသည်။ သို့ရာတွင်သံပန်းတံခါးအပြင်ဘက်၌မူ ဆီမီးပူဇော်ရန်နှင့် အမွှေးနံ့သာတိုင်များပူဇော်ရန်အတွက်ဆီမီးခုံများပြုလုပ်ပေးထားသည်ကိုလည်း တွေ့ရှိရသည်။ရှင်အရဟံခြေတော်ရာဘုရားပွဲအားနှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့၌ ပြုလုပ်လေ့ရှိသည်။ ဘုရားပွဲဟုသာ ဆိုသော်လည်း အမှန်အားဖြင့် ပဌာန်းပွဲသည်သာအဓိကဖြစ်သည်။ ၄င်းခြေတော်ရာပွဲအား အနီးပတ်ဝန်းကျင် ရွာများမှ အလျဉ်းသင့်သလို ဦးဆောင်ပြုလုပ်လေ့ရှိသည်ကိုလည်းတွေ့ရသည်။ ခြေတော်ရာသည် တောထဲတွင်ရှိသော်လည်း ၄င်းခြေတော်ရာသို့ သွားရောက်ရန်အတွက်ကိုမူ လမ်းခင်းထားသည်ကိုလည်းတွေ့ခဲ့ရသည်။အလွန် ကြည်ညိုဖွယ်ကောင်းသော ရဟန္တာမြတ် ရှင်အရဟံ၏ ခြေတော်ရာအား ဖူးမျှော်ကြည်ညို သဒ္ဒါပွားနိုင်ရန် အတွက် ရည်စူးပြီး ယခုကဲ့သို့ စာအုပ်ပြုလုပ်ကာဝေမျှပေးခြင်းဖြစ်ပါသည်။ အားလုံးပဲ သဒ္ဒါပွားနိုင်ကြပါစေ။
ရဟန္တာမြတ် ရှင်အရဟံခြေတော်ရာအားပူဇော်ထားရှိပုံ
  ရှင်အရဟံခြေတော်ရာပုံ
နောင်လာနောက်သားများဖူးမျော်ခွင့်ရစေရန်အတွက် ရဟန္တာအရှင်မြတ် ရှင်အရဟံသည
၎င်း ခြေတော်ရာကိုပကတိကျောက်သားပေါ်၌ ထင်ကျန်စေခဲ့ခြင်းဖြစ်တန်ရာသည်။
မေတ္တာရပ်ခံချက် - ၄င်းတည်နေရာအား အကြောင်းအမျိုးမျိုးကြောင့် မဖော်ပြနိုင်သည်ကိုခွင့်လွှတ်ကြပါရန် အနူုးအညွှတ် တောင်းပန်အပ်ပါသည်။ နောင်တွင်လည်း အလျဉ်းသင့်သလို ရဟန္တာမြတ်ရှင်အရဟံခြေတော်ရာ၏ သမိုင်းကြောင်းအားဖော်ပြသွားပါမည်။
အတ္တာဟိအတ္တနောနတ္ထော - မိမိမှတစ်ပါးကိုးကွယ်ရာမရှိ။သတ္တ၀ါအားလုံးကျန်းမာချမ်းသာကြပါစေ။
ဝက်ကလေး(ရွှေရိုး)
Views: 816 | Added by: shweyoe | Rating: 0.0/0 |
Total comments: 0
Name *:
Email *:
Code *:
Login form
News calendar
«  January 2010  »
SuMoTuWeThFrSa
     12
3456789
10111213141516
17181920212223
24252627282930
31
Search
Site friends
Statistics
Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024 Website builderuCoz